ဦးစီးဌာန

အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီး ဌာန
၁၉၁၁ခုနှစ်၊ အိန္ဒိယနိုင်ငံ အလုပ်ရုံ အက်ဥပဒေအား ၁-၇-၁၉၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တိုးချဲ့ ပြဌာန်း ခဲ့ပါသည်။ ၁၉၁၃ ခုနှစ်မှာ အင်စပက်တော် ၁ ဦး ခန့်အပ်ခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေး ဌာနမှ တွဲဖက်၍ အလုပ်ရုံ စစ်ဆေးရေးကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၁၁ ခုနှစ် အလုပ်ရုံအက် ဥပဒေမှာ “အား” အသုံးပြု၍ လုပ်သား ၅၀ဦးရှိ လုပ်ငန်းများသာ အကျုံးဝင်သည်။
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီး ဌာန
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီး ဌာန၏ သမိုင်းကြောင်း
အမှတ်(၂) မှုခင်း တပ်ဖွဲ့ခွဲ
အမှတ်(၂)မှုခင်း တပ်ဖွဲ့ခွဲကို ပြည်‌ထောင်စု သမ္မတ မြန်မာနိုင်ငံ‌တော် အစိုးရ အဖွဲ့၏ ၁၄-၂-၂ဝ၁၄ ရက်‌နေ့ အစည်းအ‌ဝေး အမှတ်စဉ် ၇/၂ဝ၁၃ အရ ဖွဲ့စည်း တာဝန်‌ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ၁-၄-၂ဝ၁၄ မှ စတင်၍ လုပ်ငန်း လည်ပတ်‌ ဆောင်ရွက်ခဲ့ပါသည်။
အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး
၁၉၇၄ ခုနှစ်တွင် နိုင်ငံတော် ကောင်စီ၏ ခွင့်ပြုချက် အရ လုံခြုံမှု ထိန်းသိမ်းရေး တပ်ရင်း(၁)ရင်း စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် တပ်ရင်း (၆)ရင်း ထိ ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
မြန်မာ့ ရေနံ ဓါတုဗေဒ လုပ်ငန်း
ဌာန သမိုင်းကြောင်း
လူမှု ဖူလုံရေးရုံး
မြန်မာနိုင်ငံ လူမှု ဖူလုံရေး စီမံကိန်းကို ၁၉၅၄ ခုနှစ်တွင် စတင် ပြဋ္ဌာန်းခဲ့ပြီး လူမှု ဖူလုံရေး အက်ဥပဒေ အရ ၁-၁-၁၉၅၆ ခုနှစ်တွင် စတင် ကျင့်သုံး အကောင်အထည်ဖော် ခဲ့ပါသည်။ အာမခံ အလုပ်သမားများ အကျိုး ခံစားခွင့်များ ပိုမို တိုးတက် ရရှိရေး အတွက် လူမှု ဖူလုံရေး ဥပဒေကို ၂၀၁၂ခုနှစ်တွင် ပြန်လည် ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စတင် ကျင့်သုံး အကောင်အထည်ဖော် ခဲ့ပါသည်။
အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီး ဌာန
အသေးစား စက်မှု လက်မှု လုပ်ငန်း ဦးစီး ဌာနသည် အိမ်တွင်း စက်မှုလက်မှု ဌာန အဖြစ် ဒုတိယ ကမ္ဘာစစ် မတိုင်မီ ကပင် စတင် တည်တောင်ခဲ့ပြီး၊ ၁၉၄၇ ခုနှစ်တွင် စက်မှု လက်မှု ညွှန်ကြားရေး ဌာန အဖြစ် တိုးချဲ့ ဖွဲ့စည်း၍ ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှု တိုးချဲ့ လုပ်ကိုင်ရေး ကော်ပိုရေးရှင်း အဖြစ် တည်ထောင်ပြီး ပုဂ္ဂလိက စက်မှု လက်မှု လုပ်ငန်း ဖွံ့ဖြိုးရေးအား တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ 
မီးသတ် ဦးစီး ဌာန
စိန့်ပေါလ်နှင့် စိန့်ဂျွန်း အထက်တန်းကျောင်း တို့မှ ကျောင်းသားများ ပါဝင် လုပ်အား ပေးသော ရန်ကုန်၏ ပထမဆုံး မီးသတ် တပ်ဖွဲ့ကို ၁၈၈၃ ခုနှစ်တွင် ဖွဲ့စည်း ခဲ့သည်။ ယခင်က မီးငြိမ်း သတ်ရာတွင် လူအားဖြင့် ရေငင်ခဲ့ရာမှ မြင်းဖြင့် ဆွဲသော ရေနွေးငွေ့သုံး အင်ဂျင်ဖြင့် မီးငြိမ်း သတ်သည့် စနစ်ကို ထိုနှစ်မှာပင် ပြောင်းလဲ အသုံးပြုခဲ့သည်။
အားကစားနှင့် ကာယပညာ ဦးစီး ဌာန
၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် မြန်မာပြည် အိုလံပစ် အသင်း(Burma Organization Association) ကို ဖွဲ့စည်းခဲ့ပြီး နာယကများ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆာဟူးဘတ်ရန့်တို့က ဆောင်ရွက်ခဲ့ပြီး ပထမဆုံး ဥက္ကဋ္ဌ အဖြစ် ဆာဂျေ အေမောင်ကြီးနှင့် ဒု-ဥက္ကဋ္ဌ အဖြစ် ဦးရာဇတ် တို့က ဆောင်ရွက် ခဲ့ပါသည်။

Pages