ဦးစီးဌာန

မြေတိုင်း ဦးစီး ဌာန
မြန်မာနိုင်ငံကို အင်္ဂလိပ်များ သိမ်းပိုက်ခဲ့ပြီးနောက် ၁၉၀၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ၏ မြေတိုင်း ကိစ္စရပ်များအား အိန္ဒိယ မြေတိုင်း ဌာန ( Survey Of India )  မှ တာဝန်ယူ ဆောင်ရွက်ခဲ့ ပါသည်။ 
ဆေးသုတေသန ဦးစီး ဌာန
ဆေးသုတေသန ဦးစီး ဌာန (အောက်မြန်မာပြည်) ကို ၁၉၆၃ ခုနှစ် ဇွန် လ ၁၀ ရက်တွင် Burma Medical Research Institute (BMRI) (မြန်မာနိုင်ငံ ဆေးသုတေသန သိပ္ပံ) အမည်ဖြင့် စတင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဆေးသုတေသန ဦးစီး ဌာန အမည်သို့ ပြောင်းလဲ ခဲ့ပါသည်။ 
ကျန်းမာရေး ဦးစီး ဌာန
ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီး ဌာန အဆောက်အအုံအား ၁၉၅၄-၅၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ စတင် ဖွင့်လှစ်စဥ်က မြင်းပွဲကလပ် ဆေးရုံ အဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတ အဂ္ဂမဟာ သီရိသုဓမ္မ ဒေါက်တာ ဦးဘဦးမှ ၁၉၅၅ မတ်လ ၁၂ ရက်နေ့တွင် ဖွင့်လှစ် ပေးခဲ့ပါ သည်။ ဦးဖိုးပျော်မှ မြင်းပွဲကလပ် ဆေးရုံ ဥက္ကဌ အဖြစ် စတင် ဆောက်ရွက်ခဲ့ပါသည်။ 
ဗဟို စက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီး ဌာန
အစိုးရဌာန အဖွဲ့အစည်း အသီးသီးရှိ စက်ပစ္စည်းများ၏ အင်အားကို စီမံခန့်ခွဲရန် အတွက် စက်ပစ္စည်း ကြီးကြပ်မှု ကော်မတီ (EQUIPMENT CONTROL COMMITTEE)ကို ၁၉၅၉ ခုနှစ်၊  မတ်လ (၂၈) ရက်နေ့ ရက်စွဲပါ အမျိုးသား စီမံကိန်း  ဝန်ကြီး ဌာန၏ အမိန့် ကြော်ငြာစာ အမှတ် ၆၇ ဖြင့် ဖွဲ့စည်း ပေးခဲ့ပါသည်။
အမှတ်(၁)ရေနံချက် စက်ရုံ (သန်လျင်)
အမှတ်(၁) ရေနံချက် စက်ရုံ (သန်လျင်) သည် စွမ်းအင် ၀န်ကြီး ဌာန၊ မြန်မာ့ ရေနံ ဓာတုဗေဒ လုပ်ငန်း လက်အောက်ရှိ စက်ရုံများ အနက် ရေနံချက်လုပ်ဖြန့်ဖြူးလျက် ရှိသည့် စက်ရုံ တစ်ရုံ ဖြစ်ပါသည်။၁၉၂၅ ခုနှစ်တွင် ဘီအိုစီ၏ သန်လျင် ရေနံချက် စက်ရုံကို စတင် တည်ဆောက်ခဲ့ကာ တစ်ရက် ချက်လုပ်နိုင်စွမ်းမှာ ဂါလန် (၈)သိန်း ရှိခဲ့ပါသည်။ 
ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်း
၁၈၈ဝ ပြည့်နှစ်က စတင် တည်ထောင်ခဲ့သည့် အစိုးရ ပုံနှိပ်တိုက်သည် ထိုစဉ်က မြန်မာနိုင်ငံ အစိုးရ အတွင်းဝန်များရုံး၏ ပုံနှိပ် လုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ရသည်။
မြန်မာ့ မီးရထား
၁.၅.၁၈၇၇ ရက် နေ့တွင် Irrawaddy State Railway အနေဖြင့် ရန်ကုန်-ပြည် (၁၆၁)မိုင်အား A01 ရေနွေးငွေ့ စက်ခေါင်းဖြင့် စတင် ပြေးဆွဲပြီး မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးသော ရထားလမ်းကို စတင် ဖွင့်လှစ် ခဲ့ပါသည်။ ၁၈၉၆ ခုနှစ်တွင် Irrawaddy State Railway သည် Burma Railway Co.Ltd;သို့ ရထား သွားလာမှုနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ငှားရမ်း ခဲ့ပါသည်။ 
မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်
မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ် သည် ၁၉၅၄ ခုနှစ်တွင် တည်ထောင်ခဲ့သော နိုင်ငံတော် ကူးသန်း ရောင်း၀ယ်ရေး ဘဏ်၏ နိုင်ငံခြား လုပ်ငန်း ဌာနမှ စတင် ပေါက်ဖွား လာခြင်း ဖြစ်ပါသည်။ 
ပြည်တွင်း အခွန်များ ဦးစီး ဌာန
၁၉၇၂ ခုနှစ် မတိုင်မီက တစ်သီး တစ်ခြား တည်ရှိခဲ့သော အောက်ပါ အခွန် ဌာနများကို ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စနစ်သစ် အုပ်ချုပ်ရေး အရ စုစည်းလျက် ပြည်တွင်း အခွန်များ ဦးစီး ဌာနဟု စတင် စုစည်း ဖွဲ့စည်းခဲ့သည်။

Pages