ဦးစီးဌာန

စက်မှုနှင့် သက်မွေး ပညာ ဦးစီး ဌာန
စက်မှုနှင့်  သက်မွေး ပညာ ဦးစီး ဌာနသည် သိပ္ပံနှင့်  နည်းပညာ ဝန်ကြီး ဌာန မတည်ထောင်မီက ပညာရေး ဝန်ကြီး ဌာန လက်အောက်၌ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေး ပညာ ဦးစီး ဌာန အဖြစ် လူ့စွမ်းအား အရင်း အမြစ်များ ပြုစု ပျိုးထောင်ခဲ့သော ဦးစီး ဌာန ဖြစ်ပါသည်။ 
စက်မူ သီးနှံ ဖွံဖြိုးရေး ဦးစီး ဌာန
၂၀၁၂ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ မှ စ၍ ယခင်က မြန်မာ့ နှစ်ရှည်ပင် လုပ်ငန်း၊ မြန်မာ့ ကြံ လုပ်ငန်း၊ မြန်မာဝါနှင့် ပိုးချည် လုပ်ငန်း၊ မြန်မာ့ ဂုန်လျှော် လုပ်ငန်း၊ မြန်မာ စိုက်ပျိုး မွေးမြူရေး လုပ်ငန်း စသည့် ဌာနကြီး (၅)ခုအား စုစည်းကာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြာင်း ဝန်ကြီးဌာန၊ စက်မူ သီးနှံ ဖွံဖြိုးရေး ဦးစီး ဌာန အဖြစ် ပြန်လည် ဖွဲ့စည်း၍ ညွှန်ကြား ရေးမှူး အဆင့်ဖြင့် ရန်ကုန်တိုင်း ဦးစီးမှူးရုံးကို ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်း ကုန်းမြို့နယ်၊ ပြည်လမ်း၊ ၉ မိုင်တွင် ရုံးစိုက်လျက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
အမှတ်(၁) ဆေးဝါး စက်ရုံ (ရန်ကုန်)
အမှတ်(၁) ဆေးဝါး စက်ရုံ (ရန်ကုန်)သည် စက်မှု ဝန်ကြီး ဌာန၊ ဆေးဝါးနှင့် စားသောက်ကုန် လုပ်ငန်း၊ ကွက်ကဲမှု လက်အောက်တွင် ရှိပြီး ပြည်သူ လူထု၏ ကျန်းမာ ကြံ့ခိုင်ရေးကို အထောက်အကူ ပြုသည့် ဆေးဝါးများ စဉ်ဆက် မပြတ် ထုတ်လုပ်လျက် ရှိသော စက်ရုံ တစ်ရုံ ဖြစ်ပါသည်။ ရန်ကုန်တိုင်း ဒေသကြီး၊ အကျယ်အဝန်းမှာ (၁၁၀.၁၈)ဧက ဖြစ်ပါသည်။
မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်း
၁၉၅၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၅) ရက်နေ့တွင် စစ်ဘက် ကုန်စည် ဖြန့်ချိရေး(Defence Service Institute) မတင် ရင်းနှီးငွေ ကျပ် (၁၂) သိန်းဖြင့် “ဗမာ ကြယ်ငါးပွင့် သင်္ဘော ကုမ္ပဏီ လီမိတက်” ကို စတင် တည်ထောင် ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၀) ရက်နေ့တွင် ကုမ္ပဏီအား ပြည်သူပိုင် ပြုခဲ့ပြီး “မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘော ကော်ပိုရေးရှင်း’’အမည်ဖြင့် ပြောင်းလဲ ဖွဲ့စည်း ခဲ့ပါသည်။ 
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန
ဒုတိယ ကမ္ဘာစစ် ကာလ ၁၉၄၂ ခုနှစ်တွင် သတင်းနှင့် ဝါဒ ဖြန့်ချိရေး ဌာနခွဲ အဖြစ် ဖွင့်လှစ်ခဲ့သည်။ ယင်း ဌာနခွဲကို အင်္ဂလိပ်ခေတ် ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ ဆက်ဆံရေး ဌာနငယ် အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် ပြည်သူ့ ဆက်ဆံရေး ဌာနကို ပြန်ကြားရေး ၀န်ကြီး ဌာန လက်အောက်တွင် ထားရှိခဲ့ ပါသည်။ ၁၉၄၇ ခုနှစ်တွင် ပြန်ကြားရေး ဌာနနှင့် အသံလွှင့် ဌာန ဟူ၍ သီးခြား ဖွဲ့စည်း ခဲ့ပါသည်။ 
ဗဟို စာရင်းအင်း အဖွဲ့
၁၉၅၂ ခုနှစ် ဗဟိုစာရင်း စစ်တမ်း ကောက်ယူရေး အာဏာပိုင် အက်ဥပဒေ (1952- Central Statistical Authority Act, Act No.34) အရ အမျိုးသား စီမံကိန်း ၀န်ကြီးဌာန လက်အောက်တွင် ဗဟို စာရင်းအင်းနှင့် စီးပွါးရေး ဌာနကို စစ်တမ်း ကောက်ယူရေး အာဏာပိုင် အဖွဲ့အစည်း အဖြစ် သတ်မှတ်၍ နိုင်ငံတော်၏ စာရင်းအင်း စစ်တမ်း ကောက်ယူရေး လုပ်ငန်းများကို ဆောင်ရွက် စေခဲ့ပါသည်။ 
မြန်မာ့ ရုပ်ရှင် မြှင့်တင်ရေး ဦးစီး ဌာန
သမိုင်း မှတ်တိုင် ရှည်လျားသော မြန်မာ့ရုပ်ရှင်ကို ၁၉၁၀ ခုနှစ်ကပင် စတင်ခဲ့ပါသည်။ပထမဦးဆုံး အသံတိတ် ရုပ်ရှင်ကို စတင် ဖန်တီးခဲ့သော ဦးအုန်းမောင်သည် ထုတ်လုပ်သူ၊ ဒါရိုက်တာ တစ်ဦး ဖြစ်ပါသည်။ထို့ကြောင့် သူ့ကို ယနေ့ထက်တိုင် မြန်မာ့ရုပ်ရှင် ဖခင်ကြီးဟု ခေါ်ဆိုကြမြဲ ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန
နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ ပုဒ်မ ၁၄နှင့်အညီ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ မြှင့်တင် ဆောင်ရွက်ရေး အတွက် လည်းကောင်း၊ လွယ်ကူ ချောမွေ့ စေရေး အတွက် လည်းကောင်း၊ လုပ်ငန်း ဆောင်ရွက်မှုများတွင် ကွင်းဆင်း စစ်ဆေး ကြပ်မတ် နိုင်ရေး အတွက် လည်းကောင်း တစ်နေရာတည်းတွင် လုပ်ငန်း ပြီးစီး စေရန် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။
စွမ်းအင် ဝန်ကြီး ဌာန
စွမ်းအင်ဝန်ကြီး ဌာန သမိုင်းကြောင်း

Pages