ဦးစီးဌာန

မြန်မာ့ ရေနံ ဓါတုဗေဒ လုပ်ငန်း

Thu, 04/30/2015 - 10:32
Profile

ဌာန သမိုင်းကြောင်း
၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်သူပိုင် ပြုလုပ်ခဲ့သော ရေနံချက် လုပ်ငန်းများကို ၁၉၆၄ ခုနှစ် မတ်လတွင် ပြည်သူ့ရေနံ လုပ်ငန်း ဟူ၍ လည်းကောင်း၊ ၁၉၇၀ ပြည့်နှစ် မတ်လ ၂ ရက်နေ့တွင် မြန်မာ့ရေနံ ကော်ပိုရေးရှင်း ဟူ၍ လည်းကောင်း ပြောင်းလဲခေါ်ဝေါ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၉၇၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာ့ ရေနံ ကော်ပိုရေးရှင်းမှ ရေနံ ဓာတုဗေဒနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း ကော်ပိုရေးရှင်း (Petrochemical Industries Corporation) နှင့် ရေနံထွက် ပစ္စည်း ဖြန့်ဖြူး ရောင်းချရေး ကော်ပိုရေးရှင်း နှစ်ခုကို သီးခြား ခွဲထုတ်၍ ဖွဲ့စည်းခဲ့ပါသည်။ ရေနံ ဓာတုဗေဒနှင့်သဘာဝ ဓာတ်ငွေ့ လုပ်ငန်း အမည်မှ ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ စ၍ ယနေ့အထိ မြန်မာ့ ရေနံ ဓာတုဗေဒ လုပ်ငန်း(Myanma Petrochemical Enterprise) အမည်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။

ဌာန ရည်ရွယ်ချက်
မြန်မာ့ ရေနံ ဓါတုဗေဒ လုပ်ငန်းသည် စွမ်းအင် ဝန်ကြီး ဌာန လက်အောက်ရှိ ရေနံနှင့် ရေနံထွက် ပစ္စည်းများ ထုတ်လုပ် သယ်ယူ ပို့ဆောင်သည့် နိုင်ငံတော်ပိုင် လုပ်ငန်း တစ်ခု ဖြစ်ပါသည်။ ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့ကို ကုန်ကြမ်း အဖြစ် အသုံးပြု၍ ရေနံချက်စက်ရုံ(၃)ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ(၅)ရုံနှင့် ရေနံ ဓာတ်ငွေ့ရည် စက်ရုံ(၃)ရုံ တို့ လည်ပတ်လျက် ရှိပြီး ရေနံနှင့် ရေနံထွက် ပစ္စည်းများ ဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီ၊ ရေနံဆီ၊ ဓာတ်မြေသြဇာ၊ ရေနံ ဓာတ်ငွေ့ရည်၊ ဖယောင်းနှင့် ရေနံ မီးသွေး တို့ထုတ်လုပ်ပါသည်။

ရုံးအမှတ်၄၄၊ မြန်မာ့ ရေနံ ဓာတုဗေဒ လုပ်ငန်း၊ စွမ်းအင်ဝန်ကြီး ဌာန၊ နေပြည်တော်။
ဖုံးနံပါတ်           ၀၆၇-၄၁၁၁၂၆။
Email              MPEHO@mptmail.net.mm

Topics

Coming Soon ...

eServices

Coming Soon ...

News

Coming Soon ...