ဦးစီးဌာန

အမှတ်(၂) မှုခင်း တပ်ဖွဲ့ခွဲ

Fri, 06/19/2015 - 10:27
Profile

ဌာန သမိုင်း‌ကြောင်း
အမှတ်(၂)မှုခင်း တပ်ဖွဲ့ခွဲကို ပြည်‌ထောင်စု သမ္မတ မြန်မာနိုင်ငံ‌တော် အစိုးရ အဖွဲ့၏ ၁၄-၂-၂ဝ၁၄ ရက်‌နေ့ အစည်းအ‌ဝေး အမှတ်စဉ် ၇/၂ဝ၁၃ အရ ဖွဲ့စည်း တာဝန်‌ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ၁-၄-၂ဝ၁၄ မှ စတင်၍ လုပ်ငန်း လည်ပတ်‌ ဆောင်ရွက်ခဲ့ပါသည်။ အမှတ်(၂) မှုခင်း တပ်ဖွဲ့ခွဲမှူးရုံးသည် ရန်ကုန်မြို့တွင် အ‌ခြေပြုပြီး တပ်ဖွဲ့စု (၅)စု ဖြစ်‌သော အမှတ်(၆) မှုခင်း တပ်ဖွဲ့စု (ရန်ကုန်)၊ အမှတ်(၇) မှုခင်း တပ်ဖွဲ့စု (ပုသိမ်) ၊ အမှတ်(၈) မှုခင်း တပ်ဖွဲ့စု (ထားဝယ်)၊ အမှတ်(၉) မှုခင်း တပ်ဖွဲ့စု (‌မော်လမြိုင်)နှင့် အမှတ်(၁ဝ) မှုခင်း တပ်ဖွဲ့စု (ဘားအံ) တို့အား ကြပ်မတ် ကွပ်ကဲ လျက်ရှိပါသည်။

ဌာန၏ ရည်ရွယ်ချက်

  • တပ်ဖွဲ့ခွဲ နယ်‌မြေ အတွင်း မှုခင်း ရဲတပ်ဖွဲ့ ဆိုင်ရာ မူဝါဒ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့် အညီ အ‌ကောင်အထည်‌ဖော်‌ ဆောင်ရွက် ရခြင်း၊
  • မှုခင်း တပ်ဖွဲ့ခွဲ၏ ဦး/‌ရေး /‌ထောက်ဆိုင်ရာ ကိစ္စရပ်များ ‌ဆောင်ရွက်ခြင်း၊
  • တပ်ဖွဲ့ဝင်များ၏ စွမ်းရည် ထက်မြက်‌ရေး ၊ စိတ်ဓါတ်နှင့် စည်းကမ်း တိုးတက် မြင့်မား‌ရေး၊ စည်းလုံး ညီညွတ်‌ရေးနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ် များကို တာဝန်ယူ‌ ဆောင်ရွက်ခြင်း၊
  • တပ်ဖွဲ့ခွဲ နယ်‌မြေ အတွင်း ဖြစ်ပွားသည့် အ‌ရေးကြီး မှုခင်း၊ အများ ပြည်သူ စိတ်ဝင်စားသည့် မှုခင်း သတင်းများကို စုစည်း တင်ပြခြင်း၊
  • ငွေတု‌ တွေ့ရှိမှု ဖြစ်စဉ် သတင်းများကို အထက် ဌာနများသို့ ချက်ချင်း တင်ပြပြီး ကွင်းဆက် ဖော်ထုတ် စစ်‌ဆေး အ‌ရေးယူခြင်း၊
  • တပ်ဖွဲ့ခွဲ နယ်‌မြေ အတွင်း မှုခင်း ကြိုတင် ကာကွယ်‌ရေး လုပ်ငန်းများ ‌ဆောင်ရွက်နိုင်ရန် ‌လောင်းကစားမှု၊ ဒုစရိုက် လုပ်ငန်း လုပ်ကိုင်သူများ၊ မူးယစ်‌ဆေးဝါး၊ လက်နက်‌ မှောင်ခို ‌ရောင်း/ဝယ်မှု သတင်းများကို စုံစမ်း တင်ပြခြင်း၊
  • မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် မှုခင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်‌ ပေးအပ်သည့် စုံစမ်းမှု၊ စစ်‌ဆေးမှု၊ ပူး‌ပေါင်းမှုများကို တပ်ဖွဲ့စုများသို့ တာဝန်‌ပေးခြင်း၊ စုံစမ်း စစ်‌ဆေးမှု အ‌ပေါ် ကြီးကြပ်ခြင်း၊
  • ပြည်နယ်/တိုင်း‌ဒေသကြီး အစိုးရ အဖွဲ့က တာဝန်‌ ပေးအပ်သည့် ကိစ္စရပ်များကို မှုခင်း ရဲတပ်ဖွဲ့မှူးထံ တင်ပြ ခွင့်ပြုချက် ရယူပြီး စုံစမ်း စစ်‌ဆေး တင်ပြခြင်း၊
  • တပ်ဖွဲ့ခွဲ နယ်‌မြေ အတွင်း ဖြစ်ပွားသည့် အ‌ရေးကြီး မှုခင်းများတွင် အခင်းဖြစ် အရပ်သို့ နယ်‌မြေ ရဲတပ်ဖွဲ့နှင့် အတူ သွား‌ရောက် စစ်‌ဆေးပြီး  မှုခင်းသိပ္ပံနည်း ပညာ အကူအညီဖြင့် သဲလွန်စများ ရှာ‌ဖွေ သိမ်းဆည်း‌ပေးခြင်း၊
  • မိမိ တပ်ဖွဲ့ခွဲမှ တာဝန်ယူ စစ်‌ဆေးရသည့် မှုခင်းများကို ‌ပေါ်‌ပေါက်သည် အထိ အမှုစစ် အရာရှိများ၏ စစ်‌ဆေး လုပ်‌ဆောင်ချက်များအား ကြီးကြပ်ခြင်း၊
  • မှုခင်း စုံစမ်း‌ ဖေါ်ထုတ်ရာတွင် မှုခင်း ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်ဖြင့် အင်အား စုဖွဲ့/ ဖြန့်ခွဲ‌ ဆောင်ရွက်ခြင်း၊
  • အခမ်းအနားများတွင် မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူး‌ပေါင်းပြီး လုံခြုံ‌ရေး‌ ဆောင်ရွက်ခြင်း၊

အမှတ်(၂) မှုခင်း တပ်ဖွဲ့ခွဲမှူးရုံး၊ အင်းစိန်။