October 2013

Posted: Mon, 28 10 2013

ရန်ကုန်၊ အောက်တိုဘာ ၄

eYangon စီမံကိန်း အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဌာန ဆိုင်ရာများ တွေ့ဆုံညှိနှိုင်း ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်း ဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။ ၂.၁၀.၂၀၁၃ ရက်နေ့တွင် ဆွေးနွေး ခဲ့ကြခြင်း ဖြစ်ကြောင်း သိ ရသည်။ eYangon စီမံကိန်း အတွက် Web Portal တည်ဆောက်ရာတွင် သတင်း အချက်အလက် များ ထည့်သွင်းရေး အတွက် ဆွေး နွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
““ဒီစီမံကိန်း အတွက် ဆောင်ရွက် သွားမယ့် အစီအစဉ်တွေကို ပြောပြတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းက ဌာနဆိုင်ရာတွေ အနေနဲ့ အလွယ်တကူ စတင် နိုင်တဲ့လုပ်ငန်းစဉ် တစ်ခု ဖြစ်ပြီး ပြည်သူတွေ အတွက်လည်း အတိုင်းအတာ တစ်ခုအထိ အကျိုး ရှိမှာဖြစ်ပါတယ်”” ဟု ဦးမင်းဦးက ပြောသည်။

Posted: Tue, 15 10 2013

eYangon စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုကို စတင် လိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်း ဥက္ကဋ္ဌ ဦးမင်းဦးကပြောသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၂ ခုနှစ်ကတည်းက အစပျိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါ eYangon ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ eYangon စီမံကိန်း အတွက် ရုံးခန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးစိုက်ရာ လွှတ်တော် အဆောက်အအုံ၊ အခန်း(၂၁၉) တွင် ဖွင့်လှစ်ပြီးဖြစ်ကာ လုပ်ငန်းများ စတင် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။ ၃၀.၉.၂၀၁၃ ရက်နေ့မှ စတင်ကာ ရုံးခန်းထိုင်၍ လုပ်ငန်း ဆောင်တာများကို စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Posted: Tue, 15 10 2013

တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ ဖွဲ့စည်းထားရှိသော ကွန်ပျူ တာအသင်းများသည် အစိုးရ၏ e Government လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးနိုင်ရန် အတွက် ဒေသတွင်း e Government ကော်မတီများကို ဖွဲ့စည်းထားရှိသည်ဟု သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းသည် တိုင်းဒေသကြီး အတွင်း၌ အစိုးရ၏ e Government လုပ်ငန်းစဉ်များကို ယခင်ကတည်းက ကူညီဆောင် ရွက်လာခဲ့သော်လည်း အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ အစိုးရ အဖွဲ့ကို ကူညီနိုင်ရန် ယခု နောက်ပိုင်း e Government ကော် မတီများကို ဒေသတွင်း၌ သီးခြား ဖွဲ့စည်းလာခဲ့ကြောင်းသိရသည်။