March 2014

Posted: Thu, 20 03 2014

နေပြည်တော်၊ မတ် ၁၉

ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး (၂၅)ရက်မြောက်နေ့ကို နံနက် ၁၀နာရီတွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှ ပေးပို့သော လျှပ်စစ် ဓါတ်အားခ နှုန်းထားများ တိုးမြှင့် ကောက်ခံရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။ ယခု ကောက်ခံမည့် နှုန်းထားများမှာ အိမ်သုံး ၁၀၀ ယူနစ် အထိ ၃၅ ကျပ်၊ အိမ်သုံး ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၄၀ကျပ်၊ အိမ်သုံး ၂၀၁ ယူနစ်မှ အထက် ၅၀ကျပ်၊ စက်မှုသုံး ၅၀၀ ယူနစ် အထိ ၇၅ကျပ်၊ စက်မှုသုံး ၅၀၁ ယူနစ်မှ ၁၀၀၀၀ ယူနစ် အထိ ၁၀၀ကျပ်၊ စက်မှုသုံး ၁၀၀၀၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိ ၁၂၅ကျပ်၊ စက်မှုသုံး ၅၀၀၀၁ ယူနစ်မှ ၂၀၀၀၀၀ ယူနစ် အထိ ၁၅၀ကျပ်၊ စက်မှုသုံး ၂၀၀၀၀၁ ယူနစ်မှ ၃၀၀၀၀၀ ယူနစ် အထိ ၁၂၅ကျပ်၊ စက်မှုသုံး ၃၀၀၀၀၀ ယူနစ် အထက်၁၀၀ကျပ်နှုန်း ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးနှင့် သက်ဆိုင်သော နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေ သုံးငွေ အပါ အဝင် နှစ်အလိုက် လျော့ချ ဆောင်ရွက်မည့် လုပ်ငန်း စီမံချက် အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးဌာနများ က ဆွေးနွေး တင်ပြ ခဲ့ကြသည်။