June 2014

Posted: Wed, 25 06 2014

ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သတင်း အချက်အလက်နှင့် နည်းပညာ (ICT) ကဏ္ဍကို လက်တွေ့ အသုံးချ နိုင်သည့် စွမ်းရည်များ ရရှိပြီး လိုအပ်သော နယ်ပယ်များတွင် ICT အသုံးချမှု ပိုမို တိုးတက် လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ အထက်တန်း ဖြေဆို အောင်မြင်ပြီးသော ကျောင်းသား/သူ လူငယ်များအား လေ့ကျင့် သင်ကြား ပေးနိုင်ရန် ရည်ရွယ်၍ ကွန်ပျူတာ အသုံးချ သင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များကို ကျောင်းသား လူငယ် တစ်ဦးချင်း အတွက် တက်မြောက် ထားသင့်သည့် အခြေခံ ကွန်ပျူတာ သဘောတရားများ သိရှိပြီး ယေဘုယျ အသုံးချမှု အတွက် မရှိ မဖြစ် လိုအပ်သည့် အချက်များကို ရည်ရွယ်၍ ပူးတွဲပါ သင်ရိုး ညွှန်းတမ်း အတိုင်း သင်ကြား လေ့ကျင့်မည် ဖြစ်ပါသည်။