ဘာသာရေး ဆိုင်ရာ ပွဲတော်များ ( ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် ) ကျင်းပခွင့် လျှောက်ထားခြင်း

Thu, 05/14/2015 - 12:35
RATE IT :
Total votes: 415

လိုအပ်ချက်
ဘာသာရေး ဆိုင်ရာ ပွဲတော်များ ( ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် ) ကျင်းပခွင့် လျှောက်ထားရာတွင် လိုအပ်သော ထောက်ခံချက်များ

  • ကာယကံရှင်/ သက်ဆိုင်ရာ ပွဲကျင်းပရေး ကော်မတီ၊ ဂေါပက အဖွဲ့များ၏ လျှောက်လွှာ
  • သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်
  • သက်ဆိုင်ရာ မြို့နယ်၏ ရဲ၊ မီးသတ်၊ စည်ပင် ဌာနများ၏ ထောက်ခံချက်များ
  • ပွဲကျင်းပမည့် ပွဲလုံခြုံရေး စီမံချက်
  • လျှောက်ထားသော တည်နေရာပြ မြေပုံကြမ်း
  • လျှောက်ထားသော တာဝန်ခံ (သို့မဟုတ်) တရားပွဲ ကျင်းပရေး ကော်မတီ၏ ဝန်ခံ ကတိ
  • ရပ်ကွက် သံဃာနာယက အဖွဲ့၊ မြို့နယ် သံဃာနာယက အဖွဲ့များ၏ ထောက်ခံချက်
  • မြို့နယ် သာသနာရေးမှူး၊ ခရိုင် သာသနာရေးမှူး၏ ထောက်ခံချက်

စည်းကမ်းချက်များ

၁။ ဘာသာရေး/ပျော်ပွဲရွှင်ပွဲ/အခမ်းအနားများ ကျင်းပခြင်းနှင့် ပတ်သက်သည့် အောက်ပါ စည်းကမ်းချက်များကို ကျင်းပရေး အဖွဲ့ တာ၀န်ခံမှ တိကျစွာ လိုက်နာရန် ဖြစ်ပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ်/ရပ်ကွက်/ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အဆင့်ဆင့်မှ ကြပ်မတ်ရန် ဖြစ်ပါသည်။

  • နိုင်ငံရေး ပါတီများနှင့် ပတ်သက်ခြင်း မရှိဘဲ ပါတီ နိုင်ငံရေး ကင်းရှင်းစွာ ကျင်းပရန် ဖြစ်သည်။ နိုင်ငံရေး ပါတီ များမှ သ၀ဏ်လွှာ ပေးပို့ခြင်း၊ တက်ရောက် ဟောပြောခြင်း မရှိစေရ။
  • ကျင်းပသည့် အကြောင်းအရာ အလိုက် သက်ဆိုင်ရာ ဦးစီး ဌာနများ၏ ခွင့်ပြုချက် ရရှိပြီးမှသာ ကျင်းပခွင့်ရှိသည်။
  • လောင်းကစားဝိုင်း၊ အရက်၊ ဘီယာဆိုင်များ ဖွင့်လှစ် ရောင်းချခြင်း မပြုရ။
  • အများ ပြည်သူများအား အနှောက်အယှက် မဖြစ်စေရန် အသံချဲ့စက်၊ ဆောင်းဘောက်စ်များကို  လိုအပ်သည်ထက် ကျယ်လောင်စွာ ဖွင့်လှစ်ခြင်း မပြုရ။
  • လမ်း ပိတ်ဆို့ခြင်း၊ ယာဉ်ကြော ပိတ်ဆို့ခြင်း မဖြစ်စေရ၊ လမ်းပိတ်၍ ကျင်းပခြင်း မပြုရ။
  • ဆူပူ ခိုက်ရန် ဖြစ်ပွားခြင်းများ၊ မဖြစ်ပွားစေရေး အတွက် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များ ဖွဲ့၍ ဆောင်ရွက်ရမည်။
  • သံဃာတော်များနှင့် ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရန် လိုအပ်လျှင် သက်ဆိုင်ရာ မြို့နယ် သံဃနာယက အဖွဲ့ထံ လျှောက်ထားပြီး သံဃာတော်များ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ရမည်။
  • မြို့နယ်/ရပ်ကွက် အသီးသီး၏ အထိမ်းအမှတ် ဘာသာရေးပွဲများတွင် တရားပွဲများ ပြုလုပ်ခြင်းကို ခွင့်ပြုချက် ရယူရာတွင် တရား ဟောကြားမှု အသံသွင်းခြင်း၊ ဗီဒီယို မှတ်တမ်းတင် ရိုက်ကူးခြင်းများကို ထည့်သွင်း ခွင့်ပြုချက် ရယူစေရန်။
  • ဗီဒီယို မှတ်တမ်း ရိုက်ကူးလိုပါက ဗီဒီယို ကင်မရာ ပိုင်ရှင် ဖြစ်သူကို တရားမ၀င် အခွေ ဖြန့်ချီမှု မဖြစ်စေရေး တာ၀န်ယူမည့် အကြောင်း သက်ဆိုင်ရာ ဒေသ အာဏာပိုင် အဖွဲ့အစည်းများတွင် ၀န်ခံ ကတိရယူ ထားရန်။
  • ဗီဒီယိုခွေ၊ အသံသွင်း တိပ်ခွေများအား မှတ်တမ်းမှ အပ ပြင်ပသို့ ဖြန့်ချီလိုပါက မြန်မာ့ရုပ်ရှင် လုပ်ငန်း၊ ဗီဒီယို ဆင်ဆာ အဖွဲ့သို့ တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာ ဖြန့်ချီရေး ကတိ ၀န်ခံချက် ရယူထားရန်။
  • မီးဘေး လုံခြုံရေး အတွက် သက်ဆိုင်ရာ မြို့နယ် မီးသတ် ဦးစီး ဌာန၊ မြို့နယ် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့များနှင့် ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရမည်။
  • ဇာတ်ပွဲ၊ State Show၊ ဈေးပွဲတော်များတွင် Fashion Show, Dancer Show များ ပါ၀င် ကပြခြင်း မပြုရ။
  • ပွဲ ကျင်းပစဉ်နှင့် ပွဲကျင်းပ ပြီးစီးပါက ပွဲခင်းနှင့် ပတ်၀န်းကျင် သန့်ရှင်းစေရေး အတွက် အမှိုက်နှင့် စွန့်ပစ် ပစ္စည်းများအား ပွဲကျင်းပသူမှ တာ၀န်ခံ ရှင်းလင်းရမည်။
  • မီးရှူးမီးပန်း ပစ်ဖောက်ခြင်း၊ ဗျောက်အိုး ဖောက်ခြင်းများကို လုံး၀ ခွင့်မပြုပါ။

၂။  လုံခြုံရေး စီမံချက်နှင့် အညီ လုံခြုံရေး အထူး ဂရုပြု ဆောင်ရွက်သွားရမည်။
၃။  အထူးသဖြင့် တေးဂီတပွဲ၊ စင်တင်ပွဲနှင့် ၀တ်စား ဆင်ယင်မှု ပြပွဲများတွင် သရုပ်ပျက် ၀တ်စား ဆင်ယင်မှု ရှိ/ မရှိ သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ စောင့်ကြည့် အဖွဲ့အား တာ၀န်ပေး၍ ပွဲစဉ်အစ အဆုံး စောင့်ကြည့်ရန် လိုအပ်ပါက ဗီဒီယိုဖြင့် မှတ်တမ်းတင်ရန်နှင့် ထူးခြားမှု ရှိပါက ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ အချိန်နှင့် တပြေးညီ တင်ပြရမည်။
၄။  စည်ကမ်းချက် တစ်စုံတစ်ရာ ဖောက်ဖျက်ပါက ကျင်းပနေသောပွဲအား ချက်ချင်း ပိတ်သိမ်း၍ ကျင်းပရေး တာ၀န်ခံအား စည်းကမ်းဥပဒေနှင့် အညီ အရေးယူရမည် ဖြစ်သည်။