စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ခွင့်၊ သိုလှောင်ကန် အသစ် တည်ဆောက်ခွင့်နှင့် သိုလှောင်ခွင့် လိုင်စင် လျှောက်ထားခြင်း

Mon, 05/25/2015 - 13:45
RATE IT :
Total votes: 1150

လိုအပ်ချက်
စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ခြင်း၊ သိုလှောင်ခွင့် သယ်ယူ ပို့ဆောင်ခွင့် တောင်းခံရာတွင် လိုအပ်သည့် အချက်များ

  • စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ရန် လျှောက်ထားမည် ဆိုပါက သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှ စတင် လျှောက်ထားရမည် ဖြစ်ပြီး အောက်ပါ အချက်အလက်များ ပါ၀င်ရမည် ဖြစ်ပါသည်။
  • လုပ်ငန်းရှင် လျှောက်လွှာ
  • စက်သုံးဆီ ဆောက်လုပ်မည့် မြေနေရာနှင့် ပတ်သက်သည့် မြေပိုင်ဆိုင်မှု အထောက်အထားများ (ဥပမာ - မြို့နယ် မြေစာရင်း ထောက်ခံချက် (လယ်မြေကို အခြားနည်း အသုံးပြုခွင့် ရရှိပြီး/မပြီး)၊ စက်သုံးဆီ အရောင်းဆိုင် တည်နေရာပြမြေပုံ၊ အရောင်းအ၀ယ် စာချုပ်၊ အငှား စာချုပ်)
  • ဆိုင် တည်နေရာသည် လမ်းဘေး ဝဲယာ ဖြစ်ပါက မြို့နယ် စည်ပင်နှင့် မြို့နယ် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၏ လမ်းနယ်နိမိတ်နှင့် လွတ်ကင်းကြောင်း ထောက်ခံချက်
  • သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ပတ်၀န်းကျင်၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်(ပတ်၀န်းကျင် ထောက်ခံချက်တွင် စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်မည့် နေရာနှင့် ကပ်လျက်ရှိသော ပုဂ္ဂိုလ်များထံမှ ရယူရန် လိုပါသည်)
  • သက်ဆိုင်ရာ မြို့နယ် ရဲစခန်း ထောက်ခံချက်၊
  • သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ထောက်ခံချက်၊
  • သက်ဆိုင်ရာ မြို့နယ် မီးသတ် ဦးစီး ဌာန ထောက်ခံချက်၊ (၈) သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ ထောက်ခံချက် တို့ဖြင့် တင်ပြ လျှောက်ထားရမည် ဖြစ်ပါသည်။