သတင်းနှင့်ပြန်ကြားရေး

eYangon စီမံကိန်းအတွက် ရန်ကုန် အတွင်းရှိ ဌာနဆိုင်ရာများ တွေ့ဆုံညှိနှိုင်း

Mon, 10/28/2013 - 22:21

ရန်ကုန်၊ အောက်တိုဘာ ၄

eYangon စီမံကိန်း အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာများ တွေ့ဆုံညှိနှိုင်း ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်း ဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။ ၂.၁၀.၂၀၁၃ ရက်နေ့တွင် ဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သိ ရသည်။ eYangon စီမံကိန်းအ တွက် Web Portal တည်ဆောက်ရာတွင် သတင်း အချက်အလက်များ ထည့်သွင်းရေး အတွက် ဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

““ဒီစီမံကိန်း အတွက် ဆောင်ရွက် သွားမယ့် အစီအစဉ်တွေကို ပြောပြတာဖြစ်ပါတယ်။ ဒီလုပ်ငန်းက ဌာနဆိုင်ရာတွေ အနေနဲ့ အလွယ်တကူ စတင် နိုင်တဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်ပြီး ပြည်သူတွေ အတွက်လည်း အတိုင်းအတာ တစ်ခု အထိ အကျိုး ရှိမှာဖြစ်ပါတယ်”” ဟု ဦးမင်းဦးက ပြောသည်။

၀န်ကြီးဌာန အသီးသီး မှ ပေးပို့လာသော အချက်အလက် များကို eYangon ၏ Web Portal ဖြစ်သည့် www.eyangon.gov. mm တွင် ထည့်သွင်း ဖော်ပြသွား မည်ဖြစ်ကြောင်း သိရသည်။၀န်ကြီးဌာန အသီးသီးရှိ အများ ပြည်သူ သိသင့် သိထိုက်သော အ ချက်အလက်များကို အဆိုပါ ၀က်ဘ် ပေါ်တယ်တွင် အလွယ်တ ကူကြည့်ရှုနိုင်မည်ဖြစ်သည်။

““၀န် ကြီးဌာန ၀က်ဘ်ဆိုက်တွေ နာမည် တစ်ခုချင်းကို သိဖို့မလိုဘူး။ eYangon ဆိုတာ သိရုံနဲ့ ဌာနအား လုံးက အချက်အလက်တွေကို တစ် နေရာတည်းမှာ ရရှိမှာဖြစ်ပါတယ်”” ဟု ဦးမင်းဦးက ဆက်လက်ပြော ကြားသည်။ ၀န်ကြီးဌာန အများ အပြားတွင် ၀က်ဘ်ဆိုက်များတည် ဆောက်ထားပြီး ၎င်းင်း၀က်ဘ်ဆိုက် များကိုလည်း eYangon ၀က်ဘ် ပေါ်တယ်တွင် Link အနေဖြင့် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

၀က်ဘ်ဆိုက် မရှိသေးသော ၀န်ကြီး ဌာနများအနေဖြင့် ၎င်းဌာန ၏ အချက်အလက်များကို eYangon ၀က်ဘ်ပေါ်တယ်တွင် ထည့်သွင်းမည်ဖြစ်သည်။ အဆိုပါ ၀က်ဘ်ပေါ်တယ်ကို အောက်တို ဘာလ ၁၇ ရက်နေ့ တပ်မတော်ခန်း မတွင် ကျင်းပမည့် International ICT Exbition ဖွင့်ပွဲအခမ်းအနား တွင် Soft Launch ပြုလုပ်နိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

““၀န်ကြီး ဌာနတွေရဲ့ ၀က်ဘ်ဆိုက် Link တွေကို ချိတ်ပေးထားပြီး ပင်မ ၀က်ဘ်ပေါ်တယ် မှာလည်း တင်ပေးထားမယ်””ဟု ဦးမင်းဦးက ဆက်လက်ပြောကြားသည်။ နောက်ပိုင်းတွင် ၎င်းပေါ်တယ်မှ တစ်ဆင့် မေးခွန်း မေးမြန်းခြင်းများ၊ အွန်လိုင်း အခြေပြု စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းများ