သတင်းနှင့်ပြန်ကြားရေး

တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ e Government ကူညီ ဆောင်ရွက်ရေးအဖွဲ့များဖွဲ့

Tue, 10/15/2013 - 21:39

တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ ဖွဲ့စည်းထားရှိသော ကွန်ပျူတာ အသင်းများသည် အစိုးရ၏ e Government လုပ်ငန်းစဉ်များကို ကူညီ ဆောင်ရွက်ပေးနိုင်ရန် အတွက် ဒေသတွင်း e Government ကော်မတီများကို ဖွဲ့စည်းထားရှိသည်ဟု သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းသည် တိုင်းဒေသကြီး အတွင်း၌ အစိုးရ၏ e Government လုပ်ငန်းစဉ်များကို ယခင် ကတည်းက ကူညီဆောင် ရွက်လာခဲ့သော်လည်း အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ အစိုးရ အဖွဲ့ကို ကူညီနိုင်ရန် ယခု နောက်ပိုင်း e Government ကော် မတီများကို ဒေသတွင်း၌ သီးခြား ဖွဲ့စည်း လာခဲ့ကြောင်း သိရသည်။

““ဒီလထဲမှာ စဖွဲ့ခဲ့တာပါ။ အ စိုးရအဖွဲ့နဲ့လည်း တွေ့ဖို့လုပ်နေ တယ်။ တွေ့ဆုံပြီးသွားရင် ကော်မ တီအနေနဲ့ e Government လုပ် ငန်းစဉ်တွေကို တတ်နိုင်သမျှ ကူညီ ပေးသွားမှာပါ””ဟု မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်း အလုပ်အမှုဆောင် ဦးလှကောင်းက ပြောသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်း နှင့် လုပ်ငန်းရှင် အသင်း ပူးပေါင်း၍ ဒေသတွင်း e Government ကော်မတီကို ဖွဲ့စည်း ထားရှိသည် ဟု ပညာရှင်အသင်း အလုပ်အမှု ဆောင် ဦးဇော်သူရိန်ထွန်းက ပြောသည်။ ကွန်ပျူတာ ပညာရှင်များနှင့် ကွန်ပျူတာ လုပ်ငန်းရှင် ၁၀ ဦးပါ၀င်သော မန္တလေးတိုင်း ဒေသကြီးမှ e Government ကော်မတီသည် အစိုးရအဖွဲ့၏ e Government လုပ်ငန်းစဉ်၌ အကြံပေးခြင်းများနှင့် ဟောပြော ပို့ချခြင်းများကို လုပ်ကိုင်သွားမည် ဟု ထုတ်ဖော်ပြောဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် e Government လုပ်ငန်းစဉ်ကို လုပ်ကိုင်ရာ၌ နှစ်စဉ် စီမံကိန်းများ ချမှတ်ထားပြီး နှစ်နှစ်အတွင်း အခြေခံပိုင်း ဆိုင်ရာများကို အပြီးသတ် လုပ်ကိုင် သွားမည်ဟု ကြေ ညာထား သည်။ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌ eGovernment အဖွဲ့များ ဖွဲ့စည်းရခြင်းမှာလည်း အစိုးရ အဖွဲ့ကို အနီးကပ် အကူ အညီပေးနိုင်ရန် ရည်ရွယ်ထား ကြောင်း ကွန်ပျူတာ အသင်းများရှိသည့် အခြားသော ဒေသများ၌လည်း ဆက်လက် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းများ