သတင်းနှင့်ပြန်ကြားရေး

အခြေခံ ပညာ အထက်တန်း ဖြေဆို အောင်မြင်ပြီးသော ကျောင်းသား/သူများ အတွက် အခြေခံ ကွန်ပျူတာ အသုံးချ သင်တန်း

Wed, 06/25/2014 - 10:06

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံ ပညာ အထက်တန်း ဖြေဆို အောင်မြင်ပြီးသော ကျောင်းသား/သူများ အတွက် အခြေခံ ကွန်ပျူတာ သင်တန်း ဖွင့်လှစ်မည့် အစီအစဉ်
ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သတင်း အချက်အလက်နှင့် နည်းပညာ (ICT) ကဏ္ဍကို လက်တွေ့ အသုံးချ နိုင်သည့် စွမ်းရည်များ ရရှိပြီး လိုအပ်သော နယ်ပယ်များတွင် ICT အသုံးချမှု ပိုမို တိုးတက် လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ အထက်တန်း ဖြေဆို အောင်မြင်ပြီးသော ကျောင်းသား/သူ လူငယ်များအား လေ့ကျင့် သင်ကြား ပေးနိုင်ရန် ရည်ရွယ်၍ ကွန်ပျူတာ အသုံးချ သင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များကို ကျောင်းသား လူငယ် တစ်ဦးချင်း အတွက် တက်မြောက် ထားသင့်သည့် အခြေခံ ကွန်ပျူတာ သဘောတရားများ သိရှိပြီး ယေဘုယျ အသုံးချမှု အတွက် မရှိ မဖြစ် လိုအပ်သည့် အချက်များကို ရည်ရွယ်၍ ပူးတွဲပါ သင်ရိုး ညွှန်းတမ်း အတိုင်း သင်ကြား လေ့ကျင့်မည် ဖြစ်ပါသည်။

သင်ကြားမည့် ဘာသာရပ်များ

  • Basic ICT concept, Windows OS and File Management System
  • Microsoft Word
  • Microsoft Excel
  • Microsoft PowerPoint
  • Internet Application

​လေ့ကျင့် သင်ကြားချိန်
အခြေခံ ကွန်ပျူတာ အသုံးချ သင်တန်း၏ လေ့ကျင့် သင်ကြားချိန်မှာ စုစုပေါင်း(၁၂၀) နာရီ ဖြစ်ပါသည်။

စဉ် ဘာသာရပ် တစ်ရက်
သင်ကြားချိန်
(နာရီ)

တစ်ရက်လက်တွေ့
လေ့ကျင့်ချိန်
(နာရီ)

စုစုပေါင်း
သင်ကြားမည့်
ရက်ပေါင်း

နာရီပေါင်း
၁။

Basic ICT,Window OS and
File Management System

၂၀
၂။

Microsoft Word

၃၅
၃။

Microsoft Excel

၃၀
၄။

Microsoft PowerPoint

၂၀
၅။

Internet Application

၁၅

လေ့ကျင့် သင်ကြားမည့် နေရာ

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ်ရှိ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်။

လက်ခံနိုင်မည့် သင်တန်းသား အရေအတွက်
လေ့ကျင့် သင်ကြား၊ သင်ယူမှု အတွက် သင့်တော်ပြီး တစ်ဦးလျှင် ကွန်ပျူတာ တစ်လုံးစီဖြင့် လေ့ကျင့် သင်ယူ နိုင်ရန် ရည်ရွယ်၍ သင်တန်းသား (၄၀)ဦး လက်ခံ သင်ကြား ပေးမည် ဖြစ်ပါသည်။

စာရွက် စာတမ်းကြေး
သင်တန်းသား တစ်ဦးလျှင် စာရွက် စာတမ်းကြေးနှင့် အထွေထွေ စရိတ် အတွက် ၂၀၀၀၀ိ/- (နှစ်သောင်းကျပ်တိတိ) သတ်မှတ် ထားပါသည်။

သင်တန်း ကာလ
၇-၇-၂၀၁၄ မှ ၂၉-၈-၂၀၁၄ ထိ (၈ပါတ် တိတိ)
အပါတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း နံနက်(၉)နာရီမှ ညနေ(၃)နာရီ အထိ သင်ကြား ပို့ချ ပေးမည် ဖြစ်ပါသည်။

သင်တန်းသား စတင် လက်ခံမည့်ရက်
၃၀-၆-၂၀၁၄ မှ စတင်၍ လက်ခံပါမည်။
ဖုန်း။၀၁-၆၁၀၈၈၉၊ ၀၁-၆၁၀၆၅၅၊ ၀၁-၆၁၀၆၂၂။

သတင်းများ