သတင်းနှင့်ပြန်ကြားရေး

သင်္ကြန် မဏ္ဍပ်များနှင့် ရေပက် ကစားခြင်း သိကောင်းစရာ (၂)

Tue, 03/17/2015 - 13:46

လုပ်ငန်း ကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း တာဝန်များ

စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်း ကော်မတီ
(၁)  ဗိုလ်မှူးကြီးတင်ဝင်း(ဥက္ကဌ)
ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး
(၂)  ဦးမြတ်ကျော်ကျော်(အဖွဲ့ဝင်)
အတွင်းရေးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့
(၃)  ဦးအောင်ခိုင်(အဖွဲ့ဝင်)
ဥက္ကဌ၊ ရန်ကုန်မြို့တော် လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့
(၄)  ဦးကျော်စိုး(အဖွဲ့ဝင်)
အတွင်းရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
(၅)  ဒုတိယဗိုလ်မှူးကြီး သန်းဇော်(အဖွဲ့ဝင်)
ဦးစီး အရာရှိ(ပထမတန်း)စစ်ရေးဌာန၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်
(၆)  ရဲမှူးချုပ် မြဝင်း(အဖွဲ့ဝင်)
အမှတ်(၂) လုံခြုံရေး၊ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး
(၇)  ဒုတိယရဲမှူးကြီး ဝင်းမင်းသိန်း(အဖွဲ့ဝင်)
တပ်ဖွဲ့ခွဲမှူး၊ သတင်း တပ်ဖွဲ့ခွဲ (ရန်ကုန်)
(၈)  ဒေါ်နန်းစန္ဒာစမ်း(အဖွဲ့ဝင်)
တိုင်းဒေသကြီး ဦးစီးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး တရားရုံး
(၉)  ဦးသော်ဒါ(အဖွဲ့ဝင်)
တိုင်းဒေသကြီး ဦးစီးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီး ဌာန
(၁၀)  ရဲမှူးကြီး ကျော်ကျော်မင်း(အဖွဲ့ဝင်)
အမှတ်(၃)လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး၊ သုဝဏ္ဏကွင်း၊အရှေ့ပိုင်း ခရိုင်
(၁၁)  ရဲမှူးကြီး ဇော်မင်းသန်း(အဖွဲ့ဝင်)
အမှတ်(၄) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး၊ မြို့တော်ခန်းမ၊အနောက်ပိုင်း ခရိုင်
(၁၂)  ရဲမှူးကြီး ထက်လွင် (အဖွဲ့ဝင်)
ဒုရကဖ(၂)မှူး၊ ရဲဓမ္မာရုံ၊ တောင်ပိုင်းခရိုင်
(၁၃)  ရဲမှူးကြီး ကျော်ထွန်း(အဖွဲ့ဝင်)
အမှတ်(၅)လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး၊ စစ်မှုထမ်းဟောင်းရုံး(၈)မိုင်၊ မြောက်ပိုင်း ခရိုင်
(၁၄)  ဦးမြင့်အောင် (အဖွဲ့ဝင်)
ညွှန်ကြားရေးမှူး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား
(၁၅)  ဦးတင်နိုင်စိုး(အဖွဲ့ဝင်)
တိုင်းရောင်းဝယ်ရေး အရာရှိ၊ မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး
(၁၆)  ဦးမောင်မောင်စိုးဝင်း(အဖွဲ့ဝင်)
လက်ထောက် အင်ဂျင်နီယာ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း
(၁၇)  ဒေါက်တာအေးကိုကို(အဖွဲ့ဝင်)
တိုင်းဒေသကြီး ဦးစီးမှူး၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီး ဌာန
(၁၈)  ဦးသောင်းတင်ထွေး(အဖွဲ့ဝင်)
ခရိုင် အုပ်ချုပ်ရေးမှူး၊ အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန
(၁၉)  ဦးသန်းထွဋ်ဦး(အဖွဲ့ဝင်)
ခရိုင် အုပ်ချုပ်ရေးမှူး၊ အနောက်ပိုင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန
(၂၀)  ဦးကျော်ဝင်းဦး(အဖွဲ့ဝင်)
ခရိုင် အုပ်ချုပ်ရေးမှူး၊ တောင်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန
(၂၁)  ဦးမြတ်ထွန်းဦး(အဖွဲ့ဝင်)
ခရိုင် အုပ်ချုပ်ရေးမှူး၊ မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန
(၂၂)  ဦးမျိုးမင်းနောင်(အဖွဲ့ဝင်)
ဦးစီးမှူး(ပ)၊ ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီ သူနာပြု တပ်ဖွဲ့
(၂၃)  ရဲမှူးကြီး ဝင်းနိုင်(အတွင်းရေးမှူး)
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ (ဖုန်း ၀၁ ၂၃၀၀၇၄၆/ ၀၁ ၂၃၀၀၇၄၇)

လုပ်ငန်း တာဝန်များ

  • မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်၊ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အဆုံးအမများနှင့် ဖီလာဆန့်ကျင်သော ဝတ်စား ဆင်ယင်မှု၊နေထိုင်ပြုမူမှုများ ထိန်းသိမ်း ကြပ်မတ်ရန်။
  • သူတစ်ပါးအား ထိခိုက် အနာတရ ဖြစ်စေပြီး အန္တရာယ် ဖြစ်စေမည့် ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါး နှောက်ယှက်မှုများကို ထိန်းသိမ်း ကြပ်မတ်ရန်။
  • နိုင်ငံတော် အစိုးရ၏ ဂုဏ်သိက္ခာ ပျက်ပြားစေပြီး အကြည်ညို ပျက်စေရန်၊ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက် ၍ ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှား ဆောင်ရွက်ခြင်း စသည့် အပြုအမှူများကို ထိန်းသိမ်း ကြပ်မတ်ရန်။
  • အများပြည်သူ အေးချမ်း သာယာစွာ မဟာသင်္ကြန်ပွဲတော် ဆင်နွှဲခြင်းကို ထိပါးစေပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှု၊ ဆူပူမှု ဖြစ်ပေါ်အောင် လှုံ့ဆော် ဖန်တီးသော အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများကို အထူးဂရုပြု ကြပ်မတ် ထိန်းသိမ်း ဆောင်ရွက်သွားရန်။
  • သင်္ကြန်ပွဲတော် ကာလ အတွင်း ရေကစား မဏ္ဍပ်များတွင် အရက်သေစာ သောက်စားခြင်းများအား စနစ်တကျ ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ရန်နှင့် မဏ္ဍပ်များတွင် အရက်သေစာနှင့် စီးကရက် ကြော်ငြာခြင်းများ မပြုလုပ်စေရေး ထိန်းသိမ်း ကြပ်မတ်ရန်။
  • မဟာသင်္ကြန် မဏ္ဍပ်များတွင် CCTV ကင်မရာများ လုံလောက်စွာ တပ်ဆင်စေရန်နှင့် CCTV ကင်မရာ မှတ်တမ်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများ ထံသို့ အချိန်မီ ပေးပို့စေရေး ကြပ်မတ် ဆောင်ရွက်ရန်။
  • သတ်မှတ်ချိန်ထက် ကျော်လွန် ရေကစားသည့်  မဏ္ဍပ်များအား ရေ၊မီး ဖြတ်တောက်မှု စနစ် ထားရှိ ဆောင်ရွက်ရန်။
  • မဏ္ဍပ်များတွင် ရေပက်ခံ ကားများမှ ရေကစားသူများ ဆင်း၍ ကခုန်ခြင်း မရှိစေရေး ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ရန်။
  • စည်းကမ်း မလိုက်နာသော မဏ္ဍပ်များကို ဒဏ်ရိုက်ခြင်း၊ Black List သတ်မှတ်ခြင်း ဆောင်ရွက်ရန်နှင့် မဏ္ဍပ် ပိုင်ရှင်များကို ခေါ်ယူ အသိပေး ဆောင်ရွက်ရန်။
  • သင်္ကြန်ပွဲတော် ကာလ အတွင်း စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများအား ပညာပေး ဆောင်ရွက်ရန်နှင့် ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ရန်။
  • သင်္ကြန်ပွဲတော် ကာလ အတွင်း လမ်းဘေး ဈေးသည်များ ညအိပ်ညနေ နေထိုင်ပြီး ရောင်းချခြင်း ထိန်းသိမ်း ကြီးကြပ်ရန်။
  • သင်္ကြန်ပွဲတော် ကာလ အတွင်း အရက်သေစာ အလွန်အကျွံ သောက်စား၍ ယာဉ်မောင်းနှင်မှူ မရှိစေရေး ထိန်းသိမ်း ကြပ်မတ်ရန်။
  • သင်္ကြန်ပွဲတော် ကာလ အတွင်း ယာဉ်စီးခ ပိုမို တောင်းခံသည့် ယာဉ်များကို ဖော်ထုတ် ၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို အရေးယူရန်။
  • သင်္ကြန်ပွဲတော် ကာလ အတွင်း စည်းကမ်း ဖောက်ဖျက်မှု၊ အပျော်လွန်မှုများ များပြား လေ့ရှိသည့် သင်္ကြန် အတက်နေ့တွင် စည်းကမ်း ထိန်းသိမ်းရေး အတွက် အဖွဲ့ သီးသန့် ဖွဲ့စည်း ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ရန်။
  • သင်္ကြန်ပွဲတော်နှင့် ပတ်သက် ၍ မိမိတို့ ကော်မတီ အလိုက် လုပ်ငန်း အားနည်းချက်၊ အားသာချက်များကို တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြရန်။

ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် ဆုချီးမြှင့်ရေး လုပ်ငန်း ကော်မတီ
(၁)  ဦးလှမြင့် (ဥက္ကဌ)
ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး
(၂)  ဦးကျော်ဦး (အဖွဲ့ဝင်)
ပါမောက္ခချုပ်၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)
(၃)  ကော်မတီဝင်များ (အဖွဲ့ဝင်)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
(၄)  ရဲမှူးကြီးဝင်းနိုင် (အဖွဲ့ဝင်)
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့
(၅)  ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန အုပ်ချုပ်ရေးမှူးများ (အဖွဲ့ဝင်)
(၆)  ဦးသန်းဌေး (အဖွဲ့ဝင်)
ဌာနမှူး၊ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
(၇)  ဦးလူမင်း (အဖွဲ့ဝင်)
ဥက္ကဌ၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး
(၈)  ဦးစိန်ကြည်မိုး (အဖွဲ့ဝင်)
ဥက္ကဌ၊ ရန်ကုန်တိုင်း ဒေသကြီး သဘင် အစည်းအရုံး
(၉)  ဦးတင်ဦးလေး(အဖွဲ့ဝင်)
ဥက္ကဌ၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး
(၁၀)  ဦးကျော်စိုး (အတွင်းရေးမှူး)
အတွင်းရေးမှူး။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ

လုပ်ငန်း တာဝန်များ

  • အလှပြယာဉ်များ၊ မဏ္ဍပ်များ၊ ယိမ်းအက အဖွဲ့ဝင်များ အတွက် အမှတ်ပေး စည်းမျဉ်းများ စနစ်တကျ ချမှတ် ဆောင်ရွက်ရန်။
  • အလှပြယာဉ်များ၊ မဏ္ဍပ်များ၊ ယိမ်းအက အဖွဲ့ဝင်များ အတွက် ဆုများ ထိုက်တန်စွာ ချီးမြှင့်နိုင်ရေး ကြီးကြပ် ဆောင်ရွက်ရန်။
  • မြန်မာ့ရိုးရာ ယဉ်ကျေးမှူ ထိန်းသိမ်းရေးနှင့် ရိုးရာ ယဉ်ကျေးမှု မကွယ်ပျောက်စေရေး အလေးထား ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ရန်။
  • သင်္ကြန်ပွဲတော်နှင့် ပတ်သက် ၍ မိမိတို့ ကော်မတီ အလိုက် လုပ်ငန်း အားနည်းချက်၊ အားသာချက်များကို တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြရန်။

လုံခြုံရေး လုပ်ငန်း ကော်မတီ
(၁)  ဗိုလ်မှူးကြီး တင်ဝင်း (ဥက္ကဌ)
ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး
(၂)  ဒုရဲမှူးကြီး နေမျိုးထွဋ် (အဖွဲ့ဝင်)
ဒုတိယ တပ်ဖွဲ့ခွဲမှူး၊ အမှတ်(၂) မှုခင်း တပ်ဖွဲ့ခွဲ
(၃)  ရဲမှူးကြီး ဝင်းနိုင် (အဖွဲ့ဝင်)
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့
(၄)  ဒုတိယရဲမှူးကြီး ဝင်းမင်းသိန်း(အဖွဲ့ဝင်)
တပ်ဖွဲ့ခွဲမှူး၊ သတင်း တပ်ဖွဲ့ခွဲ(ရန်ကုန်)
(၅)  ဒေါ်နန်းစန္ဒာစမ်း(အဖွဲ့ဝင်)
တိုင်းဒေသကြီး ဦးစီးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး တရားရုံး
(၆)  ဦးခင်မောင်မောင်(အဖွဲ့ဝင်)
တိုင်းဒေသကြီး ဥပဒေ အရာရှိ၊ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေရုံး
(၇)  ဦးသော်ဒါ(အဖွဲ့ဝင်)
တိုင်းဒေသကြီး ဦးစီးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီး ဌာန
(၈)  ရဲမှူးကြီး ဝင်းဗိုလ်(အဖွဲ့ဝင်)
ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့
(၉)  ရဲမှူးကြီး ကျော်ကျော်မင်း(အဖွဲ့ဝင်)
အမှတ်(၃) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး၊ သုဝဏ္ဏကွင်း ၊အရှေ့ပိုင်း ခရိုင်
(၁၀)  ရဲမှူးကြီး ဇော်မင်းသန်း(အဖွဲ့ဝင်)
အမှတ်(၄) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး၊ မြို့တော်ခန်းမ၊အနောက်ပိုင်း ခရိုင်
(၁၁)  ရဲမှူးကြီး ထက်လွင် (အဖွဲ့ဝင်)
ဒုရကဖ(၂)မှူး၊ ရဲဓမ္မာရုံ၊ တောင်ပိုင်း ခရိုင်
(၁၂)  ရဲမှူးကြီးကျော်ထွန်း(အဖွဲ့ဝင်)
အမှတ်(၅)လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး၊ စစ်မှုထမ်းဟောင်းရုံး(၈)မိုင်၊ မြောက်ပိုင်း ခရိုင်
(၁၃)  ရဲမှူးကြီး ကျော်ဆွေ (အဖွဲ့ဝင်)
တပ်ဖွဲ့မှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရဲတပ်ဖွဲ့
(၁၄)  ဒုတိယရဲမှူးကြီး လင်းထွဋ် (အဖွဲ့ဝင်)
တပ်ဖွဲ့ခွဲမှူး၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ (ရန်ကုန်)
(၁၅)  ဒုတိယရဲမှူးကြီး မျိုးဇော်ဦး (အဖွဲ့ဝင်)
မြန်မာနိုင်ငံ ရထား ရဲတပ်ဖွဲ့၊ အောက်မြန်မာပြည် တပ်ဖွဲ့ခွဲမှူး
(၁၆)  ရဲမှူး ကျော်စိုး(အဖွဲ့ဝင်)
ဒုတိယ တပ်ဖွဲ့ခွဲမှူး၊ သတင်း တပ်ဖွဲ့ခွဲ (ရန်ကုန်)
(၁၇)  ဦးသောင်းတင်ထွေး(အဖွဲ့ဝင်)
ခရိုင် အုပ်ချုပ်ရေးမှူး၊ အရှေ့ပိုင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန
(၁၈)  ဦးသန်းထွဋ်ဦး(အဖွဲ့ဝင်)
ခရိုင် အုပ်ချုပ်ရေးမှူး၊ အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန
(၁၉)  ဦးကျော်ဝင်းဦး(အဖွဲ့ဝင်)
ခရိုင် အုပ်ချုပ်ရေးမှူး၊ တောင်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန
(၂၀)  ဦးမြတ်ထွန်းဦး(အဖွဲ့ဝင်)
ခရိုင် အုပ်ချုပ်ရေးမှူး၊ မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန
(၂၁)  ဦးနိုင်သိန်း(အဖွဲ့ဝင်)
လက်ထောက် ညွှန်ကြားရေးမှူး၊ အထူး စုံစမ်း စစ်ဆေးရေး ဦးစီး ဌာန
(၂၂)  ရဲမှူးချုပ် မြဝင်း(အတွင်းရေးမှူး)
အမှတ်(၂) လုံခြုံရေး၊ ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး (ဖုန်း ၀၁ ၅၄၉၄၃၃၊ ၀၁ ၅၄၉၂၅၁)

လုပ်ငန်း တာဝန်များ

  • မဟာသင်္ကြန်ပွဲတော် ကာလ အတွင်း ရေကစား မဏ္ဍပ်များ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများ  သတ်မှတ် ဆောင်ရွက်သွားရန်။
  • ရေကစား မဏ္ဍပ် ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာ ရောင်းချခြင်း မရှိစေရေးနှင့် သတ်မှတ် စည်းကမ်းများ လိုက်နာစေရေး ကြပ်မတ် ဆောင်ရွက်ရန်။
  • ခိုက်ရန် ဖြစ်ပွားမှု မရှိစေရေး ကြိုတင် စီမံ ဆောင်ရွက်ရန်။
  • ယာဉ်ကြော ပိတ်ဆို့မှု မရှိစေရေး စီမံ ဆောင်ရွက်ရန်။
  • သင်္ကြန် မဏ္ဍပ်များတွင် တပ်ဆင်ထားသော CCTV ကင်မရာ မှတ်တမ်းများကို အချိန်မီ ရရှိရေး ကြပ်မတ် ဆောင်ရွက်ရန်။
  • သင်္ကြန် မဏ္ဍပ်များမှ လုံခြုံရေး ဆောင်ရွက်ရန် ဌားရမ်း ထားသည့် လုံခြုံရေး အဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ၍ သင်္ကြန်ပွဲတော် ကာလ လုံခြုံရေး ကြီးကြပ် ကွပ်ကဲ စီမံ သွားရန်။
  • သင်္ကြန်ပွဲတော် ကာလ အတွင်း မှုခင်း ဖြစ်ပွားမှူ များပြားလေ့ရှိသည့် သင်္ကြန် အတက်နေ့တွင် လုံခြုံရေး အတွက် အဖွဲ့ သီးသန့် ဖွဲ့စည်း ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ရန်။
  • သင်္ကြန်ပွဲတော် အတွင်း ဖြစ်ပွားသော မှုခင်းများအား နေ့ချင်းပြီး တရား စွဲဆိုနိုင်ရေး စီမံ ဆောင်ရွက်ရန်။
  • ယခင် မဟာ သင်္ကြန်ပွဲတော် အချိန် ကာလတွင် ဗုံးပေါက်ကွဲသည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့ဖူးသဖြင့် သင်္ကြန်ပွဲတော် ကာလ အတွင်း မည်သည့် နေရာကို မဆို လုံခြုံရေး အသိ လုံခြုံရေး သတိဖြင့် အထူး ဂရုပြု ဆောင်ရွက်ရန်။
  • သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ မိမိတို့ ကော်မတီ အလိုက် လုပ်ငန်း အားနည်းချက် အားသာချက်များကို တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြရန်။

သတင်းများ