သတင်းနှင့်ပြန်ကြားရေး

သင်္ကြန် မဏ္ဍပ်များနှင့် ရေပက် ကစားခြင်း သိကောင်းစရာ (၄)

Tue, 03/17/2015 - 14:55

ပြန်ကြားရေး နှင့် သတင်း ထုတ်ပြန်ရေး လုပ်ငန်း ကော်မတီ
(၁) ဦးစောထွန်းအောင်မြင့် (ဥက္ကဌ)
ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းသား ရေးရာ ၀န်ကြီး (ကရင်) ဖုန်း ၀၁ ၅၃၅၉၈၀
(၂) ဦးဇော်အေးမောင် (ဒုတိယ ဥက္ကဌ)
ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းသား ရေးရာ ၀န်ကြီး (ရခိုင်)
(၃) ဦးမြင့်ဆွေ (အဖွဲ့ဝင်)
တိုင်းဒေသကြီး ဦးစီးမှုး၊ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန
(၄) ဦးချိုထွန်းအောင် (အဖွဲ့ဝင်)
ဌာနမှုး၊ ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေး ဦးစီးဌာန (ရန်ကုန်မြို့တော် စည်ပင်)
(၅)
ဦးမြင့်ဝေ (အဖွဲ့ဝင်)
စာတည်းမှုးချုပ်၊သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း
(၆) ဦးကျော်၀င်း (အဖွဲ့ဝင်)
Sky Net ရုပ်သံလိုင်း
(၇)  ဦးနိုင်သန်း (အဖွဲ့ဝင်)
ထုတ်လုပ်ရေးမှုး (MRTV - 4)
(၈) ဒေါ်ခင်လှမြင့် (အဖွဲ့ဝင်)
လက်ထောက် ညွှန်ကြားရေးမှုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့
(၉) ဦးမြင့်အောင် (အတွင်းရေးမှုး)
ညွှန်ကြားရေးမှုး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဖုန်း ၀၁ ၅၃၅၉၈၀၊ ၀၁ ၅၃၉၄၃၅ (Fax)

လုပ်ငန်း တာ၀န်များ

  • သင်္ကြန်ပွဲတော် ကာလ အတွင်း ရေကစား မဏ္ဍပ်များ ၊ဖျော်ဖြေရေး မဏ္ဍပ်များ စည်ကား သိုက်မြိုက်စွာ ရေကစားမှုများ ဘာသာရေး၊လူမှုရေး ဆောင်ရွက်မှုများအား သတင်း ထုတ်လွှင့်နိုင်ရေး အတွက် ရိုက်ကူးရေးအဖွဲ့ (၄) ဖွဲ့အား ခရိုင် (၄)ခရိုင်သို့ ယာဉ်များ စီစဉ် ၍ ရိုက်ကူးရေး ဆောင်ရွက်ရန်။
  • မြန်မာ့ရိုးရာ သင်္ကြန်နှင့် သက်ဆိုင်သည့် နှိုးဆော် သတိပေးချက်များ ထုတ်လွှင့်နိုင်ရေး ဆောင်ရွက်ရန် ကော်မတီ၊ ဆပ် ကော်မတီများ၏ လုပ်ငန်း ဆောင်ရွက်ချက်များအား မှတ်တမ်းရိုက်ကူး၍ MRTV၊ MRTV-4၊ Sky Net၊ 5 Network သတင်းစာ၊ ဂျာနယ်များတွင် ထုတ်လွှင့်နိုင်ရေး ဆောင်ရွက်ရန်။
  • သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ မိမိတို့ ကော်မတီ အလိုက် လုပ်ငန်း အားနည်းချက်၊ အားသာချက်များ ကို တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြရန်။

ဖျော်ဖြေရေး လုပ်ငန်း ကော်မတီ
(၁) ဦးစိုးမင်း (ဥက္ကဌ)
ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေး နှင့် မွေးမြူရေး ၀န်ကြီး
(၂) ဦးမောင်မောင်စိုး၀င်း (အဖွဲ့ဝင်)
လက်ထောက် အင်ဂျင်နီယာ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း
(၃) ဦးသိန်းနိုင် (အဖွဲ့ဝင်)
ညွှန်ကြားရေးမှုး၊ မြန်မာ့ရုပ်ရှင် လုပ်ငန်း
(၄) ဦးစည်သူအောင် (အဖွဲ့ဝင်)
လ/ထ အင်ဂျင်နီယာ၊ မြန်မာ့ ဆက်သွယ်ရေး
(၅) ဦးထွန်းကျော်နိုင် (အဖွဲ့ဝင်)
ဦးစီးအရာရှိ၊ အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန
(၆) ဦးအေးကြူလေး (အဖွဲ့ဝင်)
ဒုဥက္ကဌ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
(၇) ဦးတင်ဦးလေး (အဖွဲ့ဝင်)
ဥက္ကဌ၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး
(၈) ဦးစိန်ကြည်မိုး (အဖွဲ့ဝင်)
ဥက္ကဌ၊ မြန်မာနိုင်ငံ သဘင် အစည်းအရုံး
(၉) ကိုယ်စားလှယ်(၁)ဦး၊ တိုင်းဒေသကြီး ဗီဒီယို အခြေခံ အဖွဲ့ခွဲ(အဖွဲ့ဝင်)
(၁၀) ကိုယ်စားလှယ်(၁)ဦး၊ အလင်္ကာဝတ်ရည်အဖွဲ့ (အဖွဲ့ဝင်)
(၁၁) ဦးကျော်ဦး (အတွင်းရေးမှူး)
ပါမောက္ခချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)
(၁၂) ဦးမြတ်သူ (တွဲဖက် အတွင်းရေးမှူး)
ဒုတိယဌာနမှူး(စီမံ)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်

လုပ်ငန်း တာဝန်များ

  • မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်နှင့် လျော်ညီသည့် ဖျောဖြေပွဲများ ကျင်းပနိုင်ရေး ကြီးကြပ် ကြပ်မတ် ဆောင်ရွက်ရန်။
  • ဖျော်ဖြေပွဲတွင် မလိုလားအပ်သည့် ပြသနာများ မဖြစ်ပွားစေရေး ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ရန်။
  • မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်တွင် ခရိုင်များမှ (၁)ခရိုင်လျှင် ယိမ်း(၁)ယိမ်းနှင့် ယိမ်းအသင်း(၄)သင်း၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ယိမ်းအသင်း (၃) သင်း၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ယိမ်းအသင်း(၁)သင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယိမ်းအသင်း(၂)သင်းနှင့် အမှတ်(၃) အခြေခံ ပညာ ဦးစီး ဌာနမှ ယိမ်းအသင်း(၂) သင်း ပါဝင် ဖျော်ဖြေနိုင်ရေး ကြိုတင် အသိပေး စီစဉ်ဆောင်ရွက်ရန်။
  • ဖျော်ဖြေရေး အစီအစဉ်များအား ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ယဉ်ကျေးမှု တက္ကသိုလ်၊ အလင်္ကာ ဝတ်ရည် အဖွဲ့၊ ခရိုင်အဖွဲ့များနှင့် ညှိုနှိုင်း ရေးဆွဲရန်။
  • ဖျော်ဖြေမည့် အနုပညာရှင်များအား သတ်မှတ် ထားသည့် ဖျော်ဖြေရေး အစီအစဉ် အတိုင်း လာရောက် ဖျော်ဖြေနိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားရန်။
  • လာရောက် ဖျော်ဖြေသည့် ဖျော်ဖြေရေး အနုပညာများ အတွက် သီးခြား နေရာ သတ်မှတ်ပေးရန်။
  • လာရောက်ဖျော်ဖြေသည့် အနုပညာ အဖွဲ့အစည်းများ၊ ကူညီ ပံ့ပိုးသူများအား ဂုဏ်ပြုလွှာ (သို့မဟုတ်) အမှတ်တရ လက်ဆောင် ပေးအပ်ရန်။
  • သရုပ်ပျက် အက၊ သရုပ်ပျက် ဝတ်စား ဆင်ယင်မှုများ မရှိရေး ကြပ်မတ် ဆောင်ရွက်ရန်။
  • ဧည့်ခံ မဏ္ဍပ် ဆောက်လုပ်ရန်နှင့် ဧည့်ခံ ကျွေးမွေးရန် အတွက် ခင်းကျင်း ပြင်ဆင်ပေးရန်။
  • အဝတ်လဲခန်းများနှင့် နားနေရန် သင့်လျော်သည့် နေရာထိုင်ခင်များ စီစဉ် ဆောင်ရွက်ပေးရန်။
  • စားပွဲ၊ကုလားထိုင်၊ပရိဘောဂများ လိုအပ်သလို ခင်းကျင်းရန် အတွက် ညှိနှိုင်း ဆောင်ရွက်ရန်။
  • ယာယီတဲများ ဌားရမ်ရေး၊ Mobile ရေအိမ်များ ဌားရမ်းရေးနှင့် ပလက်စတစ်ထိုင်ခုံများ ဌားရမ်းရန် စနစ်တကျ ခင်းကျင်းထားရှိရေး ဆောင်ရွက်ရန်။
  • မဏ္ဍပ်အတွက် လိုအပ်သော မီးအလှဆင်ခြင်း လုပ်ငန်းနှင့် လျှပ်စစ်မီး တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်။
  • သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ မိမိတို့ ကော်မတီ အလိုက် လုပ်ငန်း အားနည်းချက်၊ အားသာချက်များကို တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြရန်။

ပို့ဆောင်ရေး ကော်မတီ
(၁) ဦးအောင်ခင်(ဥက္ကဌ)
ရန်ကုန်တိုင်း ဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး
(၂) ဦးလှအောင်(အဖွဲ့ဝင်)
ဥက္ကဌ၊ မထသ(ဗဟို)
(၃) ဒုရဲမှူးကြီး လင်းထွဋ်(အဖွဲ့ဝင်)
အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲ
(၄) ဦးထိန်ဝင်း(အဖွဲ့ဝင်)
ဥက္ကဌ၊ မထသ (မြို့တွင်း)
(၅) ဦးညွှန့်ဝေ(အဖွဲ့ဝင်)
ဥက္ကဌ၊ မထသ (အဝေးပြေး)
(၆) ဦးဝင်းမြင့်(အဖွဲ့ဝင်)
ဥက္ကဌ၊ အရှေ့ပိုင်းခရိုင် ယာဉ်လိုင်း
(၇) ဦးကျော်လှိုင်(အဖွဲ့ဝင်)
ဥက္ကဌ၊ အနောက်ပိုင်း ခရိုင် ယာဉ်လိုင်း
(၈) ဦးအောင်မြင့်(အဖွဲ့ဝင်)
ဥက္ကဌ၊ တောင်ပိုင်းခရိုင်ယာဉ်လိုင်း
(၉) ဦးအောင်ဝင်း(အဖွဲ့ဝင်)
ဥက္ကဌ၊ မြောက်ပိုင်းခရိုင် ယာဉ်လိုင်း
(၁၀)ဦးစိုးမင်း (အတွင်းရေးမှူး)
တိုင်းဒေသကြီး ဦးစီးမှူး၊ ပို့ဆောင်ရေး စီမံကိန်း ဦးစီး ဌာန

လုပ်ငန်း တာဝန်များ

  • မဟာသင်္ကြန် ကာလ အတွင်း ခရီးသွား ပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး အတွက် မော်တော်ယာဉ်များ ပြေးဆွဲနိုင်ရေး စီစဉ် ဆောင်ရွက်ပေးရန်။
  • ယာဉ်မတော်တဆမှုများ မဖြစ်စေရေး၊ လမ်းခရီးတွင် ယာဉ်များ စက်ချို့ယွင်း ရပ်တန့်မှု မရှိစေရေး ဆောင်ရွက်ပေးရန်။
  • မော်တော်ယာဉ်များ ပြေးဆွဲရာတွင် ပုံမှန် ယာဉ်စီးခများဖြင့် ပြေးဆွဲနိုင်ရေး ကြပ်မတ် ဆောင်ရွက်ရန်။
  • မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပရေး အတွက် ဖွဲ့စည်းထားသော ကော်မတီများသည် သတ်မှတ် ထားသော လုပ်ငန်းများ အချိန်နှင့် တပြေးညီ အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

နိဂုံး

၁၃၇၆ ခုနှစ် မဟာ သင်္ကြန် ပွဲတော်ကြီးအား ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ရန်ကုန် မြို့တော်သူ၊ မြို့တော်သားများ ပျော်ရွှင် ချမ်းမြေ့စွာဖြင့် ဆင်နွှဲနိုင်ရန် အတွက် မဏ္ဍပ် ကြံ့ခိုင်မှု စစ်ဆေး​ရေး ကော်မတီမှ မိမိ ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တင်ပြ အပ်ပါသည်။

သတင်းများ