သတင်းနှင့်ပြန်ကြားရေး

eYangon Online Service Center (www.1881.com.mm ) နှင့် အွန်လိုင်း ဝန်ဆောင်မှု Call Center 1881 ကို မိတ်ဆက်ခြင်း

Tue, 03/17/2015 - 15:13

eYangon Online Service Center (www.1881.com.mm ) နှင့် အွန်လိုင်း ဝန်ဆောင်မှု Call Center 1881 ကို မိတ်ဆက်ခြင်း

ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှ ပြည်သူ့ ဝန်ဆောင်မှုများကို အွန်လိုင်းမှ တစ်ဆင့် ပြည်သူ့ အခြေပြု ပေါင်းကူး စနစ် တစ်ခုကဲ့သို့ ထောက်ပံ့ပေးနိုင်ရန် နှင့် အနာဂတ်ကာလတွင် One Stop Service ပေးနိုင်သည့် ပြည်သူ့ အကျိုးပြု ဝန်ဆောင်မှု ပေးသူ အဖြစ် eYangon Online Service Center Website စာမျက်နှာ www.1881.com.mm တစ်ခုကို ဖွင့်လှစ် လိုက်ပါသည် ။ eYangon Online Service Center မှ ပထမ အဆင့်အနေဖြင့် ဝန်ဆောင်မှု (၈) ခုအတွက် လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များကို ကြည့်ရှုနိုင်ခြင်း၊ အချက်အလက်များကို Download ပြုလုပ်နိုင်ခြင်း၊ Online မှတစ်ဆင့် လျှောက်ထား နိုင်ခြင်း စသည် တို့ကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါသည်။ 

ပထမ အဆင့် သုံးစွဲနိုင်မည့် ဝန်ဆောင်မှု (၈) ခုအမည်များမှာ - 
(၁) မော်တော်ကား အရောင်း စင်တာ ဖွင့်လှစ်ခွင့် လျှောက်ထားခြင်း 
(၂) စက်သုံးဆီဆိုင် ဖွင့်လှစ်ခြင်း၊ သိုလှောင်ကန် အသစ် တည်ဆောက်ခွင့် နှင့် သိုလှောင်ခွင့် လိုင်စင် လျှောက်ထားခြင်း၊
(၃) စက်သုံးဆီ သိုလှောင်ကန် ထပ်မံတိုးချဲ့ တည်ဆောက်ခွင့် လျှောက်ထားခြင်း၊
(၄) စက်သုံးဆီဆိုင် ပြန်လည် ပြုပြင် မွမ်းမံ တည်ဆောက်ခွင့် လျှောက်ထားခြင်း
(၅) စက်သုံးဆီ တင်သွင်းခွင့် ကုမ္ပဏီအမည် ပြောင်းလဲခွင့် လျှောက်ထားခြင်း 
(၆) ရန်ကုန်တိုင်းဒေသကြီး အတွင်း ကုမ္ပဏီများမှ မော်တော်ယာဉ် တင်သွင်း ဝယ်ယူခွင့် လျှောက်ထားခြင်း အတွက် Car Parking ထောက်ခံချက် လျှောက်ထားခြင်း
(၇) ရန်ကုန်တိုင်းဒေသကြီး အတွင်း သို့ နယ်မှ လိပ်စာပြောင်း (နယ်ဝင်) လျှောက်ထားခြင်း အတွက် Car Parking ထောက်ခံချက် လျှောက်ထားခြင်း
(၈) ရန်ကုန်တိုင်းဒေသကြီး အတွင်း တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်း ဝယ်ယူခွင့် လျှောက်ထားခြင်း အတွက် Car Parking ထောက်ခံချက် လျှောက်ထားခြင်း

ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှ ပြည်သူ့ ဝန်ဆောင်မှုများကို အွန်လိုင်းမှသာမက 1881 Call Center သို့ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း ဖုန်းခေါ်ဆို၍ မိမိ သိရှိလိုသည်များကို စုံစမ်းမေးမြန်းခြင်း၊ အချက်အလက်များ ရယူနိုင်ခြင်း၊ ဝန်ဆောင်မှု လျှောက်ထားခြင်း အခြေအနေ အရပ်ရပ်များကို သိရှိနိုင်မည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို www.1881.com.mm တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

သတင်းများ