သတင်းနှင့်ပြန်ကြားရေး

မှတ်ပုံတင် အင်ဂျင်နီယာ ပညာရှင်လက်မှတ် (P.E.လက်မှတ်)များ လျှောက်ထား နိုင်ခြင်း

Wed, 03/18/2015 - 11:18

မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှ မှတ်ပုံတင် အင်ဂျင်နီယာ ပညာရှင်လက်မှတ် (P.E.လက်မှတ်)များကို ၂၀၁၃ ခုနှစ် မှ စ၍ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ သို့ပါ၍ P.E. လက်မှတ် ကိုင်ဆောင်ထားသော အင်ဂျင်နီယာ ပညာရှင်များသည် P.E. လက်မှတ် သတ်မှတ် သက်တမ်း ပြည့်နေပါက မိမိတို့၏ လက်မှတ် သက်တမ်း တိုးမြှင့်ရန် ကောင်စီမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် အညီ လာရောက် လျှောက်ထား နိုင်ပါကြောင်း အသိပေး ကြေညာ အပ်ပါသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ
အမှတ် (၂၂၈/ ၂၃၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
Phone    : 01 251213,01 703276
Website  : www.myanmarengcouncil.org
Email     : mengc.office@myanmarengcouncil.org
           : myanmarengineeringcouncil.ho@gmail.com

သတင်းများ