သတင်းနှင့်ပြန်ကြားရေး

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ မှ တင်ဒါ ခေါ်ယူခြင်း

Mon, 04/27/2015 - 12:23

၁။ ရန်ကုန်တိုင်း ဒေသကြီး၏ ၂၀၁၅ - ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း အောက်ဖော်ပြပါ ခုံးကျော် တံတားများ တည်ဆောက်ရေး အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များအား ဖိတ်ခေါ်အပ်ပါသည်။

(က) မရမ်းကုန်း မြို့နယ်၊ ရှစ်မိုင် လမ်းဆုံ ခုံးကျော်တံတား (ပြည်လမ်း တစ်လျှောက်- ၄လမ်းသွား)၊

(ခ) ဗဟန်းမြို့နယ်၊ ကုက္ကိုင်း လမ်းဆုံ ခုံးကျော် တံတား (ကမ္ဘာအေး ဘုရားလမ်း တစ်လျှောက်- ၄လမ်းသွား)၊

၂။ တံတား ဒီဇိုင်း တင်ပြရာတွင် အောက်ပါ အချက်အလက်များနှင့် ကိုက်ညီရမည်။

(က) Minimum Lane Width          = 3~3.25 m

(ခ) Vertical Clearance                = 4.9 m (16 ft)

(ဂ) Maximum Vertical Gradient   = 5%

(ဃ) Movable Design Load          = 75 Ton (AASHTO - HS - 25)

(င) Minimum Design Speed        = 50 km/hr

၃။ တံတားများ ဆောက်လုပ်ရေးနှင့် စပ်လျဉ်း၍ နည်းပညာ၊ စံချိန်စံညွှန်း အဆိုပြုလွှာ ( Technical Proposal) နှင့် ဈေးနှုန်း အဆိုပြုလွှာ (Financial Proposal) တို့အား တံတား တစ်ခုချင်း စီအလိုက် သီးခြားစီ ချိတ်ပိတ်လျှက် ၂၅.၅.၂၀၁၅ရက်(သောကြာနေ့)၊ (၁၆၀၀)နာရီ နောက်ဆုံး ထားပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးရှိ တင်ဒါပုံးများ အတွင်းသို့ တာဝန်ရှိသူ ကိုယ်တိုင် မှတ်ပုံတင် စာရင်း ရေးသွင်း၍ တင်သွင်းရမည်။

၄။ သတ်မှတ် တင်ဒါ ပုံစံများကို ယနေ့ ကြော်ငြာပါသည့် နေ့မှ စ၍ ၃၀.၄.၂၀၁၅ ရက်နေ့ နောက်ဆုံး ထားပြီး(ရုံးချိန် အတွင်း) တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ဝယ်ယူနိုင်ပါသည်။

၅။ တင်ဒါ အဆိုပြုလွှာများအား အများ ရှေ့မှောက်၌ ဖွင့်လှစ် မှတ်တမ်းတင်၍ သတ်မှတ်ထားသော နည်းပညာ၊ စံချိန် စံညွှန်း၊ ဈေးနှုန်းတို့နှင့် ကိုက်ညီသည့် ကုမ္ပဏီကို ကျွမ်းကျင် ပညာရှင် အဖွဲ့ဖြင့် စိစစ် ရွေးချယ်ပါမည်။

၆။ တင်ဒါ ဖွင့်ဖောက်ရက်အား ဆက်သွယ် အကြောင်းကြားပါမည်။ အသေးစိတ် သိရှိ လိုပါက တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် (ရုံးချိန် အတွင်း) လူကိုယ်တိုင် လာရောက် စုံစမ်းနိုင်ပါသည်။

ဖုန်းနံပါတ် ၀၁ ၂၁၇၅၃၇။

တင်ဒါ ခေါ်ယူရေး လုပ်ငန်း အဖွဲ့

သတင်းများ